လင်းယုန်သည် စွန်၊ လင်းတ၊ သိမ်းငှက်မျိုးတို့နှင့်အတူ ဖော်လကိုနီဖောမီး မျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီး မျိုးရင်း၌ပါဝင်၍ ငှက်ရဲဖြစ်သည်။ ပါဏဗေဒအမည်မှာ စပိုင်လောနစ်ချီးလာဗာမေးနီးကပ် ဖြစ် သည်။ အလျား ၂၆ လက်မမှ ၂၈ လက်မထိရှိ၍ ငှက်မသည် ငှက်ဖိုထက် ထွားကျိုင်းသည်။ ပျံသန်းနေစဉ် အတောင်များသည် အလွန်ကျယ်ပြန့်၍ ဝိုင်းနေသကဲ့သို့ ထင်ရသည်။ အောက်မှနေကြည့်လျှင် အတောင်တစ်ခုစီ၏ နောက်ဘက်စွန်း တစ်လျှောက်လုံးတွင် အဖြူတန်းကြီးနှစ်ခုနှင့် အမြီးတွင် ကန့်လန့်ဖြတ်အဖြူတန်းတစ်ခု တွေ့ရခြင်းအားဖြင့် လင်းယုန် ဟု အလွယ် တကူ မှတ်မိနိုင်သည်။
လင်းယုန်သည် သစ်တောနှင့် သစ်ပင် ထူထပ်စွာပေါက်ရောက် သော ဒေသများတွင် နေထိုင်ကျက်စားသည်။ လင်းယုန်သည် များသော အားဖြင့် အလျား ခုနစ်ပေမှ ရှစ်ပေအထိရှည်သော မြွေများကို သတ်ဖြတ်စား သောက်သည်။ ပုတ်သင်၊ ကင်းလိပ်ချော စသော ဖွတ်၊ ပုတတ်မျိုး၊ ဖား၊ ပိုးမွှားနှင့် ငှက်များကိုလည်း ဖမ်ယူစားသောက်သည်။ ကောင်းကင်ထက်၌ မြင့်မားစွာ ဝဲပျံ၍ နေတတ်သည်။ လင်းယုန်သည် အလွန်ရဲရင့်ရာ အနီးသို့ လူရောက်လာသည်တိုင်အောင် မပြေးဘဲ ဝံ့ဝံ့စားစား ခံနေတတ်သည်။ လင်း ယုန်သည် ဆူညံစွာနေတတ်၍ ပျံသန်းရင်းအသံမျိုးစုံဖြင့် အော်တတ်သည်။ မိတ်လိုက်ချိန်များတွင် ပို၍ဆူညံကြသည်။
လင်းယုန်သည် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း သားပေါက် သည်။ အသိုက်များကို စမ်းချောင်းများအနီးရှိ မြင့်မားသော သစ်ပင်ကြီးများ ၌ သစ်ကိုင်းများဖြင့် ပြုလုပ်သည်။ အသိုက်မှာ ငှက်၏ အရွယ်နှင့်စာလျှင် သေးငယ်သည်။ ဥတစ်လုံးတည်းသာ ဥသည်။ လင်းယုန်များကို အရှေ့တိုင်း နိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံ သစ်တောအားလုံး လောက်တွင် ပေပေါင်းမည်မျှမြင့်သည်ဖြစ်စေ အမြဲတမ်းနေထိုင်ကြသည်။ လင်းယုန်ငှက်သည် သဘာဝအားဖြင့် ရဲရင့်ခြင်းသတ္တိနှင့် ပြည့်စုံ သောကြောင့် ရှေးပဝေဏီကပင် ယင်းငှက်ကို အမျိုးသား အထိမ်းအမှတ် အဖြစ်ဖြင့် အသိအမှတ်ပြုကြသည်။ အမေရိကန်ပြည်ထောင်စုတွင် လင်းယုန် ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် သတ်မှတ်ထားသည်။ ရှေးက ခေတ်ကောင်းခဲ့သော ရောမနိုင်ငံတော်ကြီးတွင်လည်း လင်းယုန်ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် အသုံးပြုခဲ့ကြလေသည်။[၂]
လင်းယုန်သည် စွန်၊ လင်းတ၊ သိမ်းငှက်မျိုးတို့နှင့်အတူ ဖော်လကိုနီဖောမီး မျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီး မျိုးရင်း၌ပါဝင်၍ ငှက်ရဲဖြစ်သည်။ ပါဏဗေဒအမည်မှာ စပိုင်လောနစ်ချီးလာဗာမေးနီးကပ် ဖြစ် သည်။ အလျား ၂၆ လက်မမှ ၂၈ လက်မထိရှိ၍ ငှက်မသည် ငှက်ဖိုထက် ထွားကျိုင်းသည်။ ပျံသန်းနေစဉ် အတောင်များသည် အလွန်ကျယ်ပြန့်၍ ဝိုင်းနေသကဲ့သို့ ထင်ရသည်။ အောက်မှနေကြည့်လျှင် အတောင်တစ်ခုစီ၏ နောက်ဘက်စွန်း တစ်လျှောက်လုံးတွင် အဖြူတန်းကြီးနှစ်ခုနှင့် အမြီးတွင် ကန့်လန့်ဖြတ်အဖြူတန်းတစ်ခု တွေ့ရခြင်းအားဖြင့် လင်းယုန် ဟု အလွယ် တကူ မှတ်မိနိုင်သည်။
လင်းယုန်သည် သစ်တောနှင့် သစ်ပင် ထူထပ်စွာပေါက်ရောက် သော ဒေသများတွင် နေထိုင်ကျက်စားသည်။ လင်းယုန်သည် များသော အားဖြင့် အလျား ခုနစ်ပေမှ ရှစ်ပေအထိရှည်သော မြွေများကို သတ်ဖြတ်စား သောက်သည်။ ပုတ်သင်၊ ကင်းလိပ်ချော စသော ဖွတ်၊ ပုတတ်မျိုး၊ ဖား၊ ပိုးမွှားနှင့် ငှက်များကိုလည်း ဖမ်ယူစားသောက်သည်။ ကောင်းကင်ထက်၌ မြင့်မားစွာ ဝဲပျံ၍ နေတတ်သည်။ လင်းယုန်သည် အလွန်ရဲရင့်ရာ အနီးသို့ လူရောက်လာသည်တိုင်အောင် မပြေးဘဲ ဝံ့ဝံ့စားစား ခံနေတတ်သည်။ လင်း ယုန်သည် ဆူညံစွာနေတတ်၍ ပျံသန်းရင်းအသံမျိုးစုံဖြင့် အော်တတ်သည်။ မိတ်လိုက်ချိန်များတွင် ပို၍ဆူညံကြသည်။
လင်းယုန်သည် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း သားပေါက် သည်။ အသိုက်များကို စမ်းချောင်းများအနီးရှိ မြင့်မားသော သစ်ပင်ကြီးများ ၌ သစ်ကိုင်းများဖြင့် ပြုလုပ်သည်။ အသိုက်မှာ ငှက်၏ အရွယ်နှင့်စာလျှင် သေးငယ်သည်။ ဥတစ်လုံးတည်းသာ ဥသည်။ လင်းယုန်များကို အရှေ့တိုင်း နိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံ သစ်တောအားလုံး လောက်တွင် ပေပေါင်းမည်မျှမြင့်သည်ဖြစ်စေ အမြဲတမ်းနေထိုင်ကြသည်။ လင်းယုန်ငှက်သည် သဘာဝအားဖြင့် ရဲရင့်ခြင်းသတ္တိနှင့် ပြည့်စုံ သောကြောင့် ရှေးပဝေဏီကပင် ယင်းငှက်ကို အမျိုးသား အထိမ်းအမှတ် အဖြစ်ဖြင့် အသိအမှတ်ပြုကြသည်။ အမေရိကန်ပြည်ထောင်စုတွင် လင်းယုန် ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် သတ်မှတ်ထားသည်။ ရှေးက ခေတ်ကောင်းခဲ့သော ရောမနိုင်ငံတော်ကြီးတွင်လည်း လင်းယုန်ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် အသုံးပြုခဲ့ကြလေသည်။