ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးဖြစ်၏။ အကိုင်းအခက်များ ဖြာထွက်၍ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက်ချောမွတ်၍ မီးခိုးရောင်ရှိသည်။ အတွင်းသားပျော့သည်။
အရွက် : ဘဲဥပုံ ၊ လှံစွပ်ပုံသဏ္ဌာန်ရှိသည်။ ၈-၁၀ လက်မထိရှည်၍ ရွက်ညှာ ၁ လက်မခန့်ထိရှိသည်။အရွက်နုစဉ် အမွေးနုကလေးများရှိ၍ ရင့်သောအခါ ပြောင်ချောသည်။ ရွက်နားညီသည်။
အပွင့် - တစ်ပွင့်တည်းပွင့်၍ လိမ္မော်ရောင် သို့မဟုတ် အဝါဖျော့ရောင်သို့မဟုတ် အဖြူရောင်ရှိပြီး အလွန်မွှေးကြိုင်သည်။ပွင့်ဖတ်၂ လက်မ မှ ၃ လက်မထိ ရှည်၏။ သေးငယ်သော ဝတ်ဆံများ ပါရှိသည်။ ပွင့်ညှာတိုသည်။ ကဆုန်၊ နယုန်လတွင် အပွင့် ပွင့်သည်။
အသီး - ၁-၂ လက်မထိ ရှည်သည်။ အခိုင်လိုက် သီးသည်။ ပန်းညိုရောင်အစေ့များပါရှိသည်။ တော်သလင်းလတွင် စတင်သီးသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အရွက် ၊ အသီး ၊ အခေါက် ၊ အမြစ်။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ စံကားဝါသည် ဖန်ချိုသော အရသာရှိ၍ အေးသောဂုဏ်သတ္တိရှိ၏။ သုက်ကို ပွားစေ၍ နှလုံးကို အကျိုးပြု၏။ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ သွေးအန် သွေးကျ၊ဆီးအောင့် ၊ နူနာ၊ အဆိပ်၊ ယားနာ၊ အနာပေါက်တို့ကို ပျောက်ကင်းစေ၏။
အသုံးပြုပုံ- အပွင့် -
အရွက် -
အသီး -
အခေါက် -
အမြစ် -

အပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။ အပွင့်ပြုတ်ရည်ကို သောက်သော် အစာအိမ်နာကျင်သောရောဂါ၊ လေရောဂါ၊ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများပျောက်၏။အရွက် -
အရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။ အရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။အသီး -
အသီးကိုဖြစ်စေ ၊ အစေ့ကိုဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျတ်အဖုဖြစ်ခြင်း ပျောက်၏။ အသီးခွံ နှင့်ပင်စည်ခေါက်များကို နူနာရောဂါ ကုသရာတွင် ထည့်သွင်းအသုံးပြုသည်။အခေါက် -
အခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။ အခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။အမြစ် -
အမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။