dcsimg

မဏိဩဃ ( Burmese )

provided by wikipedia emerging languages

မဏိဩဃပင်၏ ဇီဝဗေဒအမည်မှာ Carallia brachiata Merr ဖြစ်သည်။

ပုံသဏ္ဌာန်

အပင်

မဏိဩဃပင်သည် အပင်ကြီးမျိုးဖြစ်၍ ပေ ၈၀ ခန့် မြင့်သော အမြဲ စိမ်း သစ်မာ ပင်ကြီး မျိုး ဖြစ်သည်။ အခေါက် ထူသည်။ အပွေး ညိုဝါရောင် ရှိ၏ ။ အကိုင်း အခက် များသည် မျက်နှာချင်း ဆိုင်၍ ဖြန့်ကားလျက် ထွက်၏ ။ အခေါက် အတွင်း သားများ ၌ အက်ကြောင်း များစွာ ရှိ၏ ။ ပင်စည်၏ လုံးပတ်မှာ ၆ ပေမှ ၇ ပေထိရှိ၍ မြန်မာနိုင်ငံ မြေညီသစ်တောများ၌ အတော်များများ တွေ့ရသော အပင်မျိုးဖြစ်သည်။

အရွက်

ရွက်ဆိုင် ထွက်သည်။ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ အရွက် သားရေ ကဲ့သို့ ထူပြီး ပြောင်ချော နေ၏ ။ ရွက်နား တွင် သေးငယ်သော ခွေးသွား စိပ် ကလေးများ ရှိသည်။

အပွင့်

ပန်းပွင့် သေးငယ်သည်။ ဝါဖန့် ဖန့် အရောင်ရှိသည်။

အသီး

အသီး အနီရောင် ရှိပြီး ငယ်၍ လုံး၏ ၊ အသား ထူ၏ ၊ အစေ့ ၁-၂ စေ့ ပါ၏ ။ မဏိဩဃပင်၏ အခေါက် ၊အသီးများကို အသုံးပြုနိုင်ပါသည်။ယင်းအပင်သည် မြန်မာနိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက်သည်။ အထူး သဖြင့် မြစ်ချောင်း အနီး အနား နှင့် ပင်လယ် ကမ်းခြေ ဒေသ များတွင် သဘာ၀ အလျောက် ပေါက်ရောက်သည်။

အသုံးပြုပုံ

မြန်မာ ဆေးကျမ်း များ အလိုအရ မဏိဩဃ သည် သွေးကို ငြိမ်းစေ တတ်သည်။ လေကို ကြေစေ တတ်သည်။ သွေးဖောက်ပြန် ခြင်းကို ငြိမ်းစေသည်။ ကူးစက်တတ်သော ရောဂါများ ကူးစက်ခြင်း မှ ကာကွယ် နိုင်သည်။ အခေါက်ကို မျက်စိ စပ်သော ရောဂါ များ ၌ အတွင်းဆေး အဖြစ် အသုံးပြု ရသည်။ ကျောက် ရောဂါ၌ လည်းကောင်း ကူးစက် တတ်သော ရောဂါများ မကူးစက် နိုင်ရန် လည်းကောင်း သုံးသည်။သွေးဆေး ၊ ငန်းဆေး ဖော်စပ် ရာတွင် ၎င်းကို ထည့်သွင်း အသုံးပြု၏။ အခေါက် ကို သွေး၍ လိမ်းသော် ယားယံခြင်း ပျောက်၏ ။အသီးကို ထိခိုက် ၍ ဖြစ်သည့် ပြည်တည်သော အနာများ အတွက် သုံးသည်။[၁]

အပင်ကို ခုတ်လှဲပြီးသည့်နောက် သစ်လုံးသည် လျင်မြန်စွာ အက်ကွဲလွယ်သည်။ သစ်သားအရောင်မှာ နီကြန်ကြန် ဖြစ်၍ ဖယောင်းမှိုင်း တိုက်ပေးခြင်းဖြင့် အရောင်ညိုမှိုင်း၍ လာစေနိုင်သည်။ သစ်သားတွင် အကွက်အစက်များ ပေါ်ထွက်လျှက်ရှိရာ လှပသော အသားဖြစ်သည့်ပြင် ပြုပြင်ရလည်း လွယ်ကူသည်။

မာ၍လှပသော သစ်သားဖြစ်သောကြောင့် ဘီရိုကဲ့သို့အဆက် အစပ်များသော အိမ်အသုံးအဆောင်များ လုပ်ရန်နှင့်ကြမ်းပြင်အလှခင်းရန်အတွက် အလွန်အသုံးကျလေသည်။ ထိုပြင် မှန်ကူကွက်ပုံ တပ်ဆင်ရာ၌ လည်းကောင်း၊ ဝက်မှင်ဘီးခုံများ ပြုလုပ်ရာ၌ လည်းကောင်း၊ အခြားအလှအပအတွက် သစ်သားဖြင့် တန်ဆာ ဆင်ရာ၌ လည်းကောင်း အသုံးဝင်သော သစ်သားဖြစ်သည်။

မဏိဩဃသားသည် အသားကျစ်၍ မာသည့်ပြင် လေးသောကြောင့် အချို့ဒေသများတွင် ဆန်ဖွပ်ကျည်ပွေ့ပြုလုပ်ကြသည်။ အခေါက်နှင့် အမြစ်သည် ဆေးဖက်ဝင်သဖြင့် ဗိနေန္ဒာဆရာများ အသုံးပြုသည်ဟု ဆိုသည်။ တနင်္သာရီ တောင်ပိုင်း၌ မဏိဩဃပင်ကို ယတ်ပင်ဟု ခေါ်ကြသည်။[၂]

ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=14
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

မဏိဩဃ: Brief Summary ( Burmese )

provided by wikipedia emerging languages

မဏိဩဃပင်၏ ဇီဝဗေဒအမည်မှာ Carallia brachiata Merr ဖြစ်သည်။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ