dcsimg

ကြက်တူရွေး ( Burmese )

provided by wikipedia emerging languages

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်းစပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။

'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။[၁]

မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၇ မျိုး ခွဲပြသည်။ ယင်းတို့မှာ

  1. ကြက်တော
  2. ကျေးကျုတ်
  3. ကျေးတမာ
  4. ကျေးကုလား
  5. ကျေးကုလားမ
  6. ကျေးသန္တာနှင့်
  7. မလေးကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။

ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ

  1. ဖေါင်းကား၊
  2. တမာ၊
  3. ကျေးသန္တာ၊
  4. ကျေးဝါ၊
  5. ကျေးကျုတ်၊
  6. ကြက်တော၊
  7. ကုလား၊
  8. ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။ [၂]

ကိုးကား

  1. Kicau Mania. "Bird singing information"
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ

ကြက်တူရွေး: Brief Summary ( Burmese )

provided by wikipedia emerging languages

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်းစပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။

'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။

မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၇ မျိုး ခွဲပြသည်။ ယင်းတို့မှာ

ကြက်တောကျေးကျုတ်ကျေးတမာကျေးကုလားကျေးကုလားမကျေးသန္တာနှင့် မလေးကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။

ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ

ဖေါင်းကား၊ တမာ၊ ကျေးသန္တာ၊ ကျေးဝါ၊ ကျေးကျုတ်၊ ကြက်တော၊ ကုလား၊ ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။

license
cc-by-sa-3.0
copyright
ဝီကီပီးဒီးယားစာရေးသူများနှင့်အယ်ဒီတာများ